နယ်သာလန် ၀န်ကြီးချုပ် မာ့ခ်ရပ်တီ
မစ္စတာမာ့ခ်ရပ်တီသည် ဒတ်ခ်ျနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၄ ရက်မှစ၍ နယ်သာလန် ၀န် ကြီးချုပ် တာဝန်ထမ်းဆောင်နေ ကာ ၂၀၀၆ ခုနှစ် ဇွန်လမှစ၍ People's Party for Democracy and Freedom (VVD) ပါတီ ခေါင်းဆောင်ဖြစ်သည်။ ၂၀၀၄ ဇွန်မှ ၂၀၀၆ ဇွန်လအထိ ပညာရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံပညာ ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းမတိုင်မီ ၂၀၀၂ ဇူလိုင်မှ ၂၀၀၄ ဇွန်လအထိ လူမှုရေးနှင့် အလုပ်အကိုင် ၀န်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ရပ်တီအား ၁၉၆၇ ဖေဖော်ဝါရီ ၁၄ ရက်တွင် နယ်သာလန် နိုင်ငံသည်ဟေ့ဂ်မြို့၌ မွေးဖွားခဲ့သည်။ အားကစားပညာအထက်တန်းကျောင်းတွင် တက်ရောက်ပြီး အနုပညာဘာသာရပ် အထူးပြုယူသည်။ လိုင်ဒင်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ပြီး သမိုင်းဘာသာ သင်ယူသည်။ ၁၉၉၂ ခုနှစ်တွင် သမိုင်းအဓိကဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ တက္ကသိုလ် တက်နေစဉ်မှာပင် Democracy and Freedom (VVD) ပါတီ လူငယ်အဖွဲ့သို့ ၀င်ရောက်ခဲ့ပြီး ၁၉၈၈ မှ ၁၉၉၁ ခုနှစ်အထိ VVD ပါတီ လူငယ်အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
ကျောင်းပညာ ပြီးဆုံးချိန်တွင် ရပ်တီသည် နယ်သာလန်နိုင်ငံမှ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သော နာမည်ကြီး Unilever ကုမ္ပဏီကြီးတွင် ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာနတွင် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၂ ခုနှစ်မှစ၍ Unilever ကုမ္ပဏီကြီး၏ လက်အောက်ခံ Iglomora အုပ်စု၏ HR ဒါရိုက်
တာအဖြစ် တာဝန်ယူထားသည်။ တစ်ချိန်တည်းမှာပင် မစ္စတာ ရပ်တီသည် ၁၉၉၃ မှ ၁၉၉၇ ခုနှစ်အထိ VVD ပါတီအမျိုးသားဘုတ် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ၂၀၀၂ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ် ရွေးချယ်ရေးအဖွဲ့ဝင် ဖြစ်လာခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ပါလီမန်အမတ်အဖြစ် မိမိကိုယ်ကို အမည်စာရင်းတင်သွင်းခဲ့သည်။
မစ္စတာရပ်တီသည် ၂၀၀၆ ခုနှစ်တွင် VVD ပါတီ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ယင်းနှစ် မြူနီစပယ် ရွေးကောက်ပွဲများတွင် VVD ပါတီခေါင်းဆောင်ဟောင်း ဂျိုးဇက်ဗင်အက်ဆန်နုတ်ထွက်ခဲ့၍ VVD နှင့် နီးစပ်သူ သြဇာကြီး ခေါင်းဆောင်များက ရပ်တီအား ခေါင်းဆောင်နေရာ အပ်နှင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ယင်းနှစ် အထွေအထွေရွေးကောက်ပွဲတွင် ၎င်းတို့ပါတီ အနိုင်မရရှိဘဲ အတိုက်အခံ ခေါင်းဆောင်သာ ဖြစ်ခဲ့သည်။
ပါတီတွင် ပြိုက်ဘက်များ၏ ထိုးနှက်တိုက်ခိုက်မှုများကိုလည်း ကျော်လွှားခဲ့ရသော မာ့ခ်ရပ်တီသည် ၂၀၁၀ ရွေးကောက်ပွဲတွင်မူ ပြင်ဆင်မှုများ ပြုလုပ်နိုင်ခဲ့သည်။ VVD ပါတီမှာလည်း အမတ်နေရာအများဆုံး အနိုင်ရရှိကာ မစ္စတာ
မာ့ခ်ရပ်တီသည်လည်း နိုင်ငံဝန်ကြီးချုပ်နေရာရယူ၍ ဗဟိုနှင့် ညာယိမ်းညွှန့်ပေါင်း အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်မူ နိုင်ငံ၏ ခြိုးခြံချွေတာရေး ဘတ်ဂျက်အတွက် ဆွေးနွေးမှုများ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့ရာ
မစ္စတာရပ်တီက ရာထူးမှနုတ်ထွက်ရန် ကမ်းလှမ်းပြီး ရွေးကောက်ပွဲ အသစ်များ ခေါ်ယူခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲတွင်လည်း VVD ပါတီကပင် အမတ်နေရာ အများဆုံးအနိုင်ရရှိခဲ့ပြီး မစ္စတာရပ်တီသည် နောက်တစ်ကြိမ် ၀န်ကြီးချုပ်နေရာရယူ၍ လေဘာပါတီနှင့် ပေါင်းစည်းကာ ဒုတိယညွှန့်ပေါင်းအစိုးရကို ဖွဲ့စည်းခဲ့သည်။
မစ္စတာ မာ့ခ်ရပ်တီသည် ဘာသာရေးကိုင်းရှိုင်းသူ တစ်ကိုယ်ရေ တစ်ကာယသမားဖြစ်ပြီးသည်
ဟေ့ဂ်မြို့ရှိ Johan de Witt ကောလိပ်တွင် သီတင်းတစ်ပတ်လျှင် နှစ်နာရီ သင်ကြားပို့ချမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။
No comments:
Post a Comment